ယေရမိအနာဂတ္တိကျမ်း 25:35
သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီး သိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။
1835 Judson Burmese Bible
In The King James Version
And the shepherds shall have no way to flee, nor the principal of the flock to escape.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 25
Cross References
Isaiah 2:12ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
Jeremiah 32:4ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့ လက်နှင့်မလွတ်၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ဆက်ဆက် ရောက်လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။
Jeremiah 37:17ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိ ကိုနှုတ်ပြီးမှ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိသလော ဟု နန်းတော်၌ တိတ်ဆိတ်စွာ မေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။
Jeremiah 38:23ထိုသို့ကိုယ်တော်၏ မယားနှင့်သားသမီး ရှိသမျှ တို့ကို ခါလဒဲလူတို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ကိုယ်တော်လည်း သူတို့လက်နှင့်မလွတ်ဘဲ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်၍၊ ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက် ၏။
Jeremiah 52:8ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မှီသဖြင့် ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
Ezekiel 17:15သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေး လွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။