ယေရမိအနာဂတ္တိကျမ်း 25:4
ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 25
Cross References
2 Chronicles 36:15ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
Jeremiah 11:7အကြောင်းမူကား၊ ငါ့စကားကို နားထောင် ကြလော့ဟု၊ သင်တို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊
Jeremiah 16:12ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နား မထောင်၊ မိမိတို့ဆိုးသောစိတ်နှလုံး၊ ခိုင်မာသော သဘော သို့ လိုက်သောကြောင့်၎င်း၊
Jeremiah 18:12သူတို့ကလည်း၊ မြော်လင့်စရာမရှိ။ ငါတို့သည် ကိုယ်အလိုသို့ လိုက်မည်။ ငါတို့၌ ဆိုးသော စိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း၊ အသီးအသီးပြုမည်ဟု ဆိုကြ ၏။
Jeremiah 22:21သင်သည် ကောင်းစားသောအခါ ငါသတိ ပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။
Jeremiah 25:7ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။