ယေရမိအနာဂတ္တိကျမ်း 28:4
ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ် သို့ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်ဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ် ပုရောဟိတ်များ၊ လူများအပေါင်းတို့ ရှေ့မှာ ငါ့အား ပြောဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 28
Cross References
Leviticus 26:13အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ ထမ်းဘိုးကြိုးကို ငါဖြတ်၍ သင်တို့ကို တည့်မတ်စေပြီ။
2 Kings 25:27ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ် ခုနစ် ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရော ဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ်၍ ချမ်းသာပေးလေ၏။
Jeremiah 2:20ရှေးကာလ၌ သင်ထမ်းရသော ထမ်းဘိုး၊ သင်၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထား သော်လည်း၊ မြင့်သောတောင်ရှိသမျှ အပေါ်၌၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၎င်း၊ ကိုယ်ကိုချ၍ ပြည်တန်ဆာလုပ်လေ၏။
Jeremiah 22:10သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။
Jeremiah 22:26သင့်ကို၎င်း၊ သင့်ကိုဘွားမြင်သော သင်၏အမိကို၎င်း၊ မွေးဘွားရာ ဌာနမဟုတ်သော ပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြ လိမ့်မည်။
Jeremiah 24:5ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်း သွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်း သော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။