ယေရမိအနာဂတ္တိကျမ်း 29:19
ထို့ကြောင့် သိမ်းသွားခြင်းကို ခံရ၍၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့၊ ထာဝရဘုရား၏ စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
20ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ်၍၊
Read all of ယေရမိအနာဂတ္တိကျမ်း 29
Cross References
Jeremiah 7:13ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊
Jeremiah 25:3ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ် သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ် လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။
Jeremiah 25:7ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
Jeremiah 26:5ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ် ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏ စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲ နေလျှင်၊
Jeremiah 34:17ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကား ကို နားမထောင်သောကြောင့်၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည် သင်တို့အဘို့၊ ထားဘေး၊ ကာလနာ ဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက်ခံစေမည်။
Jeremiah 44:3ကြည့်ရှုကြလော့။ ယနေ့မှာ ထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင် မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့၍ဝတ်ပြုသဖြင့်၊ ငါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ ပြုကြသောဒုစရိုက်ကြောင့် ဤအမှု ရောက်သတည်း။