ယေရမိအနာဂတ္တိကျမ်း 29:21
ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏နာမ ကို အမှီပြု ၍ သင် တို့အား မုသာစကား ကို ဟော ပြောသော၊ ကောလာယ သား အာဟပ် နှင့် မာသေယ သား ဇေဒကိ တို့ကို ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ငါ အပ် ၍၊ ထိုမင်းသည် သူ တို့ကို သင် တို့မျက်မှောက် ၌ သတ် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 29
Cross References
Jeremiah 20:6သင် ပါရှုရ နှင့် သင် ၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်း သွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက် ရလိမ့်မည်။ သင်ဟောပြော သော မုသာ စကားကို နားထောင်သော သင် ၏အဆွေ ခင်ပွန်းအပေါင်း တို့နှင် တကွ၊ သင် သည် ထို မြို့၌ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံ ရလိမ့်မည်ဟု ပါရှုရ အား ပြောဆို ၏။
Jeremiah 29:8ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့တွင် ရှိ သော ပရောဖက် ဆရာ၊ အနာဂတ် ဆရာတို့သည် သင် တို့ကို မ လှည့်စား ကြစေနှင့်။ သင် တို့မြင် စေသော အိပ်မက် တို့ကို လည်း မ ယုံ မမှတ်ကြနှင့်။
Lamentations 2:14သင် ၏ပရောဖက် တို့သည် အချည်းနှီး သော အရာ၊ မိုက် သောအရာတို့ကို သင် အဘို့ မြင် ကြပြီ။ သိမ်းသွား ချုပ်ထားသော အမှုကိုပြေ စေခြင်းငှါ ၊ သင် ၏ အပြစ် ကို မ ဘော် မပြဘဲ မှား သောရူပါရုံ ၊ လမ်း လွဲစရာ အရာကို သင့် အဘို့ မြင် ကြပြီ။