ယေရမိအနာဂတ္တိကျမ်း 3:2
မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေ ဘူးသောအရပ် တစုံတခုကို ရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့် ၎င်း ပြည်ကို ညစ်ညူးစေပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 3
Cross References
Genesis 38:14မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
1 Kings 11:3မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။
Proverbs 7:11ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။
Jeremiah 2:7ဝပြောသော ပြည်၏အသီးအနှံဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကို ငါဆောင်သွင်း၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေ ကို ရွံရှာဘွယ်ဖြစ်စေကြသည်တကား။
Jeremiah 2:23သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလ ဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သော လမ်းကိုကြည့်ရှုလော့။ သင်ပြု သော အမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာ ပြေး၍ လှည့် လည်တတ်သော ကုလားအုပ်မပါတကား။
Jeremiah 3:9သူသည် မတရားသော မေထုန်ကိုပြု၍ အလွန် လော်လည်သောအားဖြင့် ပြည်ကို ညစ်ညူးစေ၍၊ ကျောက် နှင့်၎င်း၊ သစ်တုံးနှင့်၎င်း မှားယွင်းလေ၏။