ယေရမိအနာဂတ္တိကျမ်း 3:20
အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည်ငါ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 3
Cross References
Jeremiah 3:1ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍၊ အခြားသော သူ၏မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသော ရည်းစားတို့၌မှီဝဲ၍ မှားယွင်းသော် လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ၏။
Jeremiah 5:11ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ၌ ခံဘူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော် မူ၏။
Ezekiel 16:25သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်း လုပ်၍၊ ကိုယ်လှသော အဆင်းကိုရွံ့ရှာဘွယ်ဖြစ်သည် တိုင်အောင် ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကပို ခွါဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။
Hosea 3:1တဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသား တို့သည် အခြားတပါးသော ဘုရားတို့ကို ဖူးမြော်၍၊ စပျစ် သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရား ချစ်တော်မူ သည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကို ခံလျက် မျောက်မ ထားသော မိန်းမကို သွား၍ ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊
Hosea 6:7သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူး ကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။