The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 3 › ယေရမိအနာဂတ္တိကျမ်း 3:24

ယေရမိအနာဂတ္တိကျမ်း 3:24

ရှက်ဘွယ်သော အရာသည် အကျွန်ုပ်တို့၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့ သိုး နွား၊ သားသမီး များကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား၍ ကုန်ပါပြီ။

1835 Judson Burmese Bible

In The King James Version

For shame hath devoured the labour of our fathers from our youth; their flocks and their herds, their sons and their daughters.

In Context

23အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာ အကြောင်း ဖြစ်တော်မူ၏။

25အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်း မူကား၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ၏။

Read all of ယေရမိအနာဂတ္တိကျမ်း 3

Cross References

Jeremiah 9:18ငါတို့သည် မျက်ရည်ကျ၍၊ မျက်ခမ်းထဲက တွေတွေစီးထွက်စေခြင်းငှါ၊ ထိုမိန်းမတို့သည် အလျင် အမြန်ပြု၍၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ။

Ezekiel 16:19ငါပေးသောဘောဇဉ်၊သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင် စရာဘို့ တင်ထားလေပြီတကား။

Ezekiel 16:61သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရ သော်လည်း၊ ပဋိညာဉ်အားဖြင့် သင်၏ညီအစ်မတို့ကို သင်၏သမီးဖြစ်ဘို့ရာငါပေး၍၊ သင်သည် ထိုသူတို့ကို လက်ခံသောအခါ၊ သင်ပြုမိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက်ရလိမ့်မည်။

Hosea 2:8ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။

Hosea 10:6နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ ယူသွားပြီး လျှင်၊ ရှင်ဘုရင်ယာရက်အား ဆက်ရကြလိမ့်မည်။ ဧဖရိမ်သည် အသရေပျက်၍ ဣသရေလသည် မိမိအကြံ အစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 3:24

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 3:23ယေရမိအနာဂတ္တိကျမ်း 3ယေရမိအနာဂတ္တိကျမ်း 3:25 →