The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 31 › ယေရမိအနာဂတ္တိကျမ်း 31:12

ယေရမိအနာဂတ္တိကျမ်း 31:12

ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန် တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ။

1835 Judson Burmese Bible

In The King James Version

Therefore they shall come and sing in the height of Zion, and shall flow together to the goodness of the LORD, for wheat, and for wine, and for oil, and for the young of the flock and of the herd: and their soul shall be as a watered garden; and they shall not sorrow any more at all.

In Context

11အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။

13ထိုအခါသမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ညည်းတွားခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။

Read all of ယေရမိအနာဂတ္တိကျမ်း 31

Cross References

Isaiah 1:30အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။

Isaiah 12:1ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ မည်။အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန် အမျက်တော်ငြိမ်း၍၊အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။

Isaiah 51:11သို့ဖြစ်၍၊ ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်း မြောက်ခြင်းသရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။

Isaiah 58:11ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော် မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာ ကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း ဖြစ်လိမ့်မည်။

Isaiah 65:19ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။

Jeremiah 33:9ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်းသောလူမျိုးတို့တွင် ချီးမွမ်းစရာ အကြောင်း၊ဂုဏ်အသရေတော်ကျော်စောစရာအကြောင်း ဖြစ်လိမ့်မည်။ ဤမြို့သားတို့အား ငါပြုသမျှသော ကျေးဇူးကို လူအမျိုးမျိုးတို့သည် ကြားသိကြလိမ့်မည်။ ဤမြို့၌ ငါပြုစုသမျှသော စည်းစိမ်ချမ်းသာကိုထောက်၍ ကြောက်ရွံတုန်လှုပ်ကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 31:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 31:11ယေရမိအနာဂတ္တိကျမ်း 31ယေရမိအနာဂတ္တိကျမ်း 31:13 →