The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 31 › ယေရမိအနာဂတ္တိကျမ်း 31:6

ယေရမိအနာဂတ္တိကျမ်း 31:6

ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။

1835 Judson Burmese Bible

In The King James Version

For there shall be a day, that the watchmen upon the mount Ephraim shall cry, Arise ye, and let us go up to Zion unto the LORD our God.

In Context

5ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။

7ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။

Read all of ယေရမိအနာဂတ္တိကျမ်း 31

Cross References

2 Chronicles 13:4အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့၊ နားထောင်ကြလော့။

Ezra 1:5ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။

Isaiah 2:2နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။

Isaiah 27:13ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့် မည်။ အာရှုရိပြည်၌ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့် ပစ်သောသူတို့သည်လာ၍၊ယေရုရှလင်မြို့တွင်၊သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုး ကွယ်ကြလိမ့်မည်။

Isaiah 52:7ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင်၏ ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသော သူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွ တကား။

Jeremiah 6:17ငါကလည်း၊ တံပိုးမှုတ်သံကို နားထောင်ကြ လော့ဟုဆိုလျက်၊ သင်တို့အပေါ်၌ကင်းစောင့်တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြော ကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 31:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 31:5ယေရမိအနာဂတ္တိကျမ်း 31ယေရမိအနာဂတ္တိကျမ်း 31:7 →