ယေရမိအနာဂတ္တိကျမ်း 32:15
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြ လေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
16ထိုသို့နေရိသား ဗာရုတ်၌ စာချုပ်ကို အပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
Jeremiah 31:5ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။
Jeremiah 31:24ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက်၊ အတူနေရကြလိမ့်မည်။
Jeremiah 32:37ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက် အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင်ခဲ့ပြီး လျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
Jeremiah 33:12ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံသော ဤအရပ်တွင်၊ မြို့ရွာရှိသမျှတို့၌ သိုးစုကို ထိန်းသော သိုးထိန်းနေရာရှိလေဦးမည်။
Zechariah 3:10ထိုနေ့၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တယောက်ကိုတယောက် စပျစ်ပင်အောက်၊ သင်္ဘော သဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။