ယေရမိအနာဂတ္တိကျမ်း 32:40
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည် ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့ သော သဘောနှင့် ပြည့်စုံစေမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
Genesis 17:7ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။
Psalms 80:19ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
Isaiah 55:3နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့ အား ပေးမည်။
Jeremiah 24:7ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့ သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူ ဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့် မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့် မည်။
Jeremiah 50:5ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့် မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
Ezekiel 36:27ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။