bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 32 › ယေရမိအနာဂတ္တိကျမ်း 32:43
ယေရမိအနာဂတ္တိကျမ်း 32:43
လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲ လူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
And fields shall be bought in this land, whereof ye say, It is desolate without man or beast; it is given into the hand of the Chaldeans.
In Context
42ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည် နည်းတူ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည်။
44ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင်မြို့ ပတ်ဝန်း ကျင်အရပ်တို့၌၎င်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌၎င်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကို စီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦး မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
Jeremiah 32:36သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ် ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
Ezekiel 37:11ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာ မရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။
This Verse In Other Editions
Study ယေရမိအနာဂတ္တိကျမ်း 32:43