ယေရမိအနာဂတ္တိကျမ်း 32:5
ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည်။ငါအကြည့်အရှုမလာမှီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
6ထိုအခါယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
Numbers 14:41မောရှေက၊ ထာဝရဘုရား၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံမထ မြောက်ရ။
2 Chronicles 24:20တဖန်ဘုရားသခင်၏ ဝိညာဉ်တော်သည် ယဇ် ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက် ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်အကျိုးကို ပျက်ဆီးစေခြင်းငှါ၊ ထာဝရ ဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျုးကြ သနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။
Jeremiah 2:37သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာ တင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရ ဘုရားသည် ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကို မရနိုင်ရာ။
Jeremiah 27:22ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ သွားရလိမ့် မည်။ ငါအကြည့် အရှင်မကြွလာမှီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာ တို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။
Jeremiah 34:4သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ထားဖြင့်အသေမခံရ။
Jeremiah 39:4ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင်၊ ညဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။