ယေရမိအနာဂတ္တိကျမ်း 32:8
ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊
1835 Judson Burmese Bible
In The King James Version
In Context
9အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
1 Samuel 10:3ထိုအရပ်မှ လွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူ တယောက်၊ မုန့်သုံးလုံးကို ဆောင်သော သူတယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့် ထံတော်သို့ သွားသောသူသုံးယောက်တို့နှင့် သင်သည် တွေ့ကြုံလိမ့်မည်။
1 Kings 22:25မိက္ခာက၊ သင်သည် ပုန်းရှောင်၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။
Jeremiah 32:2ထိုအခါ ဗာဗုလုန် ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိ သည် ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။
Jeremiah 33:1ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက် နေရသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ရောက်လာ၍၊
Zechariah 11:11ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။
Acts 10:17ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံ ကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊