ယေရမိအနာဂတ္တိကျမ်း 34:21
ယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ မှူး တော်မတ်တော် တို့ကို သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောလူများ လက် သို့ ၎င်း ၊ ယခုလွှဲ သွားသောဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ များလက် သို့ ၎င်း ငါအပ် မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 34
Cross References
2 Kings 25:18ကိုယ်ရံတော် မှူးသည် ယဇ်ပုရောဟိတ် မင်း စရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန်တော် တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏
Jeremiah 34:3သင် သည် ထိုမင်း လက် နှင့် မ လွတ် ရ။ စင်စစ်သင့်ကိုဘမ်းဆီး ၍ ထိုမင်း လက် သို့ အပ် ကြလိမ့်မည်။ သင် သည် ဗာဗုလုန် ရှင်ဘုရင် ကို မျက်နှာ ချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြော ရလိမ့်မည်။ ဗာဗုလုန် မြို့သို့လည်း သွား ရလိမ့်မည်။
Jeremiah 39:6ရိဗလ မြို့မှာ ဇေဒကိ သား တို့ကို အဘ မျက်မှောက် ၌ သတ် လေ၏။ ယုဒ မှူးမတ် အပေါင်း ကိုလည်း သတ် လေ၏။
Jeremiah 52:24ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန် တော်တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏။
Ezekiel 17:12ပုန်ကန် တတ်သော အမျိုး အား သင်ပြော ရမည်မှာ၊ ဤ စကားအဘယ်သို့ ဆိုလို သည်ကို နားလည် ကြ သလော ။ ဗာဗုလုန် ရှင် ဘုရင်သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ယေရုရှလင် ရှင်ဘုရင် နှင့် မှူး တော် မတ်တော် တို့ကို ဗာဗုလုန် မြို့သို့ သိမ်းသွား ပြီ။
Ezekiel 17:20ငါ သည် ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ကျော့ကွင်း နှင့် ကျော့ ပြီးလျှင် ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားမည်။ ငါ့ ကို ပြစ်မှား သောအပြစ် ကြောင့် ထို မြို့ ၌ ငါစစ်ကြော စီရင် မည်။