ယေရမိအနာဂတ္တိကျမ်း 36:2
သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်း လက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ၌ စကား အတိုင်း ရေးထားလော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 36
Cross References
Deuteronomy 31:24မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊
Ezra 6:2မေဒိပြည်၊ အာခမေသမြို့၊ နန်းတော်၌စာလိပ် ကို တွေ့၍၊ စာလိပ်၌ပါသော စကားဟူမူကား၊
Psalms 40:7ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေး ထားသည်နှင့်အညီ၊ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံ ပါ၏။
Isaiah 30:8သင်သည်ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက် တည် စေခြင်းငှါ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူ ကား၊
Jeremiah 1:5သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူ အမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
Jeremiah 2:4အိုယာကုပ်အမျိုးနှင့် ဣသရေလ အမျိုးအနွယ် အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နား ထောင်ကြလော့။