ယေရမိအနာဂတ္တိကျမ်း 37:18
တဖန်ယေရမိက၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော။ ကိုယ်တော်၏ကျွန်တို့ကို ပြစ်မှား သလော။ ဤလူမျိုးကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ်ကို လှောင်ထားကြသနည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 37
Cross References
1 Samuel 24:9ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
Proverbs 17:13အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။
Jeremiah 26:19ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကို သတ် သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည် ဟု ခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူ သည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီး ခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူ အပေါင်း တို့အား ပြောဆိုကြ၏။
John 10:32ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊
Acts 24:16ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင်ခွင့် နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။
Acts 25:11အကျွန်ုပ်ပြစ်မှား၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင်၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။