ယေရမိအနာဂတ္တိကျမ်း 38:19
ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကိုသူတို့ လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 38
Cross References
Judges 9:54သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ၊ သင့်ထားကို ထုတ်၍ ငါ့ကို သတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် ထိုး၍ အဘိမလက် သေလေ၏။
1 Samuel 15:24ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။
Job 31:34ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။
Isaiah 45:9အကြင်သူသည် မိမိကို ဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။
Isaiah 57:11သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။
Jeremiah 38:22နန်းတော်၌ ကျန်ကြွင်းသမျှသော မိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့် မည်။ ထိုမိန်းမတို့ကလည်း၊ ကိုယ်တော်၏အဆွေခင်ပွန်း တို့သည် သွေးဆောင်၍ နိုင်ကြပြီ။ ခြေတော်သည် ရွှံ့၌ ကျွံ၍၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည်။