ယေရမိအနာဂတ္တိကျမ်း 40:11
ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ ကို ကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏ သား ဂေဒလိကိုမင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 40
Cross References
Numbers 22:1တဖန် ဣသရေလအမျိုးသားတို့သည် ခရီး သွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တဲဆောက်ကြ၏။
1 Samuel 11:1ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည်လာ၍ ဂိလဒ်ပြည်ယာဗက်မြို့အနားမှာ တပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု နာဟတ်မင်းအားလျှောက်သော်လည်း၊
Isaiah 16:4မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့။ သင်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ။
Jeremiah 43:5အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊
Ezekiel 5:3အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။
Ezekiel 25:2အချင်းလူသား၊ သင်သည် အမ္မန်အမျိုးသားတို့ တဘက်၌မျက်နှာထား၍ ပရောဖက်ပြုလျက်၊