The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 41 › ယေရမိအနာဂတ္တိကျမ်း 41:9

ယေရမိအနာဂတ္တိကျမ်း 41:9

ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။

1835 Judson Burmese Bible

In The King James Version

Now the pit wherein Ishmael had cast all the dead bodies of the men, whom he had slain because of Gedaliah, was it which Asa the king had made for fear of Baasha king of Israel: and Ishmael the son of Nethaniah filled it with them that were slain.

In Context

8ထိုသူတို့တွင်ပါသော လူတကျိပ်တို့က၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။

10ထိုအခါအဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန် အပ်သောမင်းသမီးများအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။

Read all of ယေရမိအနာဂတ္တိကျမ်း 41

Cross References

Joshua 10:16မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ၏။

1 Samuel 13:6ဣသရေလအမျိုးသားတို့သည် အလွန် ဆင်းရဲခံရသဖြင့်၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ၊ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍ နေကြ၏။

1 Samuel 14:22ဧဖရိမ်တောင်၌ ပုန်းရှောင်၍ နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူ ပြေးကြောင်း ကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။

2 Samuel 17:9ယခုမှာသူသည် မြေတွင်းတစုံတခု၌ ပုန်းလျက်နေပါလိမ့်မည်။ သို့မဟုတ်အခြားသောအရပ်၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦးလဲ၍သေလျှင် ထိုသိတင်းကိုကြားသောသူက၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည်။

1 Kings 15:22ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက်မျှ မလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကိုယူသွား ကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။

Hebrews 11:38ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 41:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 41:8ယေရမိအနာဂတ္တိကျမ်း 41ယေရမိအနာဂတ္တိကျမ်း 41:10 →