ယေရမိအနာဂတ္တိကျမ်း 42:5
သူတို့ကလည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့် သော သက်သေဖြစ်တော်မူစေသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 42
Cross References
Exodus 20:7သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။
Deuteronomy 5:27ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည် နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။
1 Samuel 12:5ရှမွေလကလည်း၊ သင်တို့သည် ငါ့လက်၌ သူတပါး၏ ဥစ္စာကို ရှာ၍ မတွေ့ကြောင်းကို ထာဝရဘုရား သည် သင်တို့တဘက်၌ သက်သေဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ်၏ ဟု ဆိုလျှင်၊ သူတို့က၊ သက်သေဖြစ်ပါသည်ဟု ဝန်ခံကြ၏။
Jeremiah 5:2သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။
Micah 1:2အိုလူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင် ထာဝရဘုရားတည်းဟူသော သန့်ရှင်းသော ဗိမာန်တော် ထဲက ဘုရားရှင်သည် သင်တို့ တဘက်၌ သက်သေ ခံတော်မူမည်။
Malachi 3:5သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန် သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက်၌ ငါသည် လျင် မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။