ယေရမိအနာဂတ္တိကျမ်း 43:13
အဲဂုတ္တု ပြည် ဗက်ရှေမက် မြို့၌၊ ရုပ်တု ဆင်းတုများကို ချိုး ဖျက်၍ ၊ အဲဂုတ္တု ဘုရား အိမ် များကို မီး ရှို့ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 43
Cross References
Genesis 41:45ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏ တည်း ဟူသောဘွဲ့ နာမနှင့်ယောသပ် ကို ချီးမြှောက် ၍ ဩန မြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏သမီး အာသနတ် နှင့် စုံဘက် စေတော်မူ၏။ ထိုသို့ယောသပ် သည် အဲဂုတ္တု နိုင်ငံ အုပ်အရာနှင့် အထံ တော်ကထွက် လေ၏။
Isaiah 19:18ထို ကာလ ၌ အဲဂုတ္တု ပြည် တွင် ၊ မြို့ ငါး မြို့တို့သည် ခါနာန် ဘာသာ စကားကို ပြော ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ သစ္စာ တော်ကိုခံ ကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တ မြို့ကို သူရိယာ မြို့ ဟူ၍ခေါ်ဝေါ် ကြ လိမ့်မည်။
Jeremiah 25:19အဲဂုတ္တု ပြည်ကို အစိုးရ သောဖာရော ဘုရင် အစရှိသောသူ ၏ ကျွန် ၊ မှူးမတ် ၊ ပြည်သူ ပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုးသား ရှိသမျှ ၊
Ezekiel 30:13အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရုပ်တု တို့ကို ငါဖျက်ဆီး ၍ ၊ နောဖ ပြည်၌ ဆင်းတု တို့ကိုလည်း ပယ်ဖြတ် မည်။ နောက် တဖန် အဲဂုတ္တု မင်း မျိုးမ ရှိ ရ။ အဲဂုတ္တု ပြည် သည် ကြောက်ရွံ့ မည်အကြောင်းကို ငါပြု မည်။