The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 44 › ယေရမိအနာဂတ္တိကျမ်း 44:11

ယေရမိအနာဂတ္တိကျမ်း 44:11

သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာ ထားမည်။

1835 Judson Burmese Bible

In The King James Version

Therefore thus saith the LORD of hosts, the God of Israel; Behold, I will set my face against you for evil, and to cut off all Judah.

In Context

10ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသော စိတ် မရှိ၊ ကြောက်ရွံ့သောစိတ်မရှိ၊ ငါ၏တရားလမ်း သို့မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။

12အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ၍၊ သူတို့သည်ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့၎င်း၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။

Read all of ယေရမိအနာဂတ္တိကျမ်း 44

Cross References

Leviticus 17:10ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။

Leviticus 26:17သင်တို့ကို ငါ မျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။

Jeremiah 21:10ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ကျေးဇူးပြု၍၊ အပြစ်ပြုခြင်းငှါ ငါသည် မျက်နှာထား သည်ဖြစ်၍၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့်၊ သူသည် မီးရှို့လိမ့်မည်။

Ezekiel 14:7ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ် ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ် ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်း ခြင်းငှါ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသား ဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တပါး အမျိုး သားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ် အလိုအလျောက် ပြန်ပြောသဖြင့်၊

Amos 9:4ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ထားကို မှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 44:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 44:10ယေရမိအနာဂတ္တိကျမ်း 44ယေရမိအနာဂတ္တိကျမ်း 44:12 →