ယေရမိအနာဂတ္တိကျမ်း 45:1
ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၊ နေရိသားဗာရုတ်သည်၊ ယေရမိမြွက်ဆိုသည် အတိုင်း၊ စကားတော်များကို စာ၌ ရေးထားသောနောက်၊ ပရောဖက်ယေရမိသည် ဗာရုတ်အားဆင့်ဆိုရသော နှုတ် ကပတ်တော်ဟူမူကား၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 45
Cross References
Jeremiah 25:1ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည် မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
Jeremiah 32:12ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေ သော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသား ဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊
Jeremiah 36:1ယုဒရှင်ဘုရာင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
Jeremiah 36:4ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကား တော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ် ၌ ရေးထားလေ၏။
Jeremiah 36:14ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သောယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသားဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍လာ၏။
Jeremiah 36:32ထိုအခါယေရမိသည်အခြားသော စာလိပ်ကို ယူ၍၊ နေရိသားစာ ရေးဗာရုတ်အားပေးသဖြင့်၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွတ်၍၊ ဗာရုတ်သည်ရေး ထား၏။ အလားတူသော စကားအများကိုလည်းထပ်၍ သွင်းရ၏။