ယေရမိအနာဂတ္တိကျမ်း 45:2
အိုဗာရုတ်၊ သင်က၊ ငါသည်အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟု ဆိုသည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက် သော အရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ် ပစ်မည်။
1835 Judson Burmese Bible
In The King James Version
Thus saith the LORD, the God of Israel, unto thee, O Baruch;
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 45
Cross References
Isaiah 63:9အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။
2 Corinthians 1:4ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။
Hebrews 2:18ထိုသို့စုံစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်း နှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင်တော်မူ၏။