ယေရမိအနာဂတ္တိကျမ်း 46:12
သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး၌ နှံ့ပြားပြီး။ သူရချင်းတယောက်နှင့် တယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 46
Cross References
Isaiah 10:4ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည်ဆန့်လျက်ရှိသေး၏။
Isaiah 19:2အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တ ယောက်နှင့် တယောက် ရန်ပြုစေခြင်းငှါ ငါနှိုးဆော်သ ဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊တမြို့ နှင့် တမြို့၊ တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။
Jeremiah 46:6လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီး သော သူကိုမလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက် မျက်နှာ၌ ထိမိ၍လဲကြလိမ့်မည်။
Jeremiah 49:21သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား ၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြားရ၏။
Ezekiel 32:9သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့ တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြာစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။
Nahum 3:8သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ် သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ် သတည်း။