ယေရမိအနာဂတ္တိကျမ်း 47:5
ဂါဇမြို့သည်ဆံပင်ရိတ်ခြင်းကို ခံရ၏။ အာရှ ကေလုန်မြို့နှင့် ကျန်ကြွင်းသောချိုင့်အရပ်သည်ပျက်စီးပြီ။ အဘယ်မျှကာလပတ်လုံး ကိုယ်အသားကို ခုတ်ဖြတ်ရမည် နည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 47
Cross References
Leviticus 19:28သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Deuteronomy 14:1သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သားဖြစ်ကြ၏။ သေသောသူအတွက် အသားကို မခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ။
1 Kings 18:28သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ်၍ ထုံးစံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ ထား၊ သံစူးနှင့်ကိုယ်ကို ရှစေကြ၏။
Jeremiah 16:1တဖန်ငါ့ဆီသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
Jeremiah 25:20ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊
Jeremiah 47:1ဖာရောဘုရင်သည် ဂါဇမြို့ကို မလုပ်ကြံမှီ၊ ဖိလိတ္တိအမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိသို့ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊