ယေရမိအနာဂတ္တိကျမ်း 48:1
ဣသရေလအမျိုး၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ နေဗောမြို့သည် အမင်္ဂလာရှိ၏။ ပျက်စီးခြင်းသို့ရောက်လေ၏။ ကိရယ သိမ်မြို့သည် ရှုံး၍လုယူခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Genesis 19:37သမီးအကြီးသည် သားကို ဘွား၍မောဘအမည် ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏ အဘဖြစ်သတည်း။
Numbers 32:3အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
Numbers 33:47အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗော တောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စားခန်းချကြ၏။
Isaiah 15:1မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက် စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။
Isaiah 25:12သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို၍၊ မြေတိုင် အောင် နှိမ့်သဖြင့်၊မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။
Jeremiah 9:26အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကို ရိတ်တတ်သော လူမျိုး၊ တော၌နေသော သူအပေါင်းတို့ကို ငါဆုံးမရသော အချိန် ကာလရောက်လိမ့်မည်။ တပါးအမျိုးသားအပေါင်း တို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံး အားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။