The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 48 › ယေရမိအနာဂတ္တိကျမ်း 48:15

ယေရမိအနာဂတ္တိကျမ်း 48:15

မောဘပြည်သည် ပျက်စီးပြီ။ မြို့တို့သည် ကျွမ်း လောင်ကြပြီ။ သူရွေးချယ်သောလုလင်တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွားကြပြီဟု၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

Moab is spoiled, and gone up out of her cities, and his chosen young men are gone down to the slaughter, saith the King, whose name is the LORD of hosts.

In Context

14ငါတို့သည်အားကြီးသောသူ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သော သူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း။

16မောဘကို လုပ်ကြံရသောအချိန်နီးပြီ။ သူခံရ သောဘေးသည် အလျင်အမြန်လာ၏။

Read all of ယေရမိအနာဂတ္တိကျမ်း 48

Cross References

Psalms 24:8ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း။

Isaiah 34:2ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော် မူ၏။

Jeremiah 46:18ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည် အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင် ကဲ့သို့၎င်း၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာလိမ့်မည်။

Jeremiah 48:8လုယူသောသူသည် မြို့များအစဉ်အတိုင်း ရောက်လာ၍ မြို့တမြို့မျှမလွတ်ရ။ ချိုင့်နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ။

Jeremiah 50:34သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။

Jeremiah 51:57ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်း အရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား ဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 48:15

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 48:14ယေရမိအနာဂတ္တိကျမ်း 48ယေရမိအနာဂတ္တိကျမ်း 48:16 →