ယေရမိအနာဂတ္တိကျမ်း 48:26
မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိ အန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကို ခံရ၏။
1835 Judson Burmese Bible
In The King James Version
In Context
25မောဘ၏ဦးချိုသည် ပြတ်လေပြီ။ သူ၏လက်ရုံး သည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Exodus 9:17သင်သည် ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကို စော်ကားသေးသလော။
Job 15:25အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
Psalms 59:8သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။
Psalms 75:8ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့်ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍ သောက်ရကြ၏။
Isaiah 19:14ထာဝရဘုရားသည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူး သောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။
Isaiah 29:9ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော် မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။