ယေရမိအနာဂတ္တိကျမ်း 49:31
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြ လော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Numbers 23:9ကျောက်ပေါ်က သူ့ကို ငါမြင်၏။ တောင်ပေါ်က သူ့ကို ငါကြည့်ရှု၏။ ထိုလူမျိုးသည် တမျိုးတည်းနေ၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ။
Judges 18:7ထိုလူ ငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန် အမျိုးသား တို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို၎င်း၊ ဆုံးမပိုင်သော မင်းမရှိ ကြောင်းကို၎င်း၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို၎င်း ကြည့်ရှု ပြီးမှ၊-
Psalms 123:4မထီမဲ့မြင်ပြုသော သူတို့၏ ကဲ့ရဲ့ခြင်းကို၎င်း၊ မာနကြီးသော သူတို့၏ အရှက်ခွဲခြင်းကို၎င်း၊ အကျွန်ုပ်တို့ ၏ ဝိညာဉ်သည် အလွန်ခံရပါ၏။
Isaiah 32:11ငြိမ်သက်စွာ နေသောမိန်းမတို့၊ တုန်လှုပ်ကြ လော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌လျှော်တေအဝတ်ကို စည်းကြလော့။
Jeremiah 48:11မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ၊ ငယ်သော အရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည့်နေ၏။ မွှေးသောအနံ့လည်း မပျက်။
Ezekiel 38:11ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါး ကျင်နှင့်တံခါးမရှိ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊