ယေရမိအနာဂတ္တိကျမ်း 5:27
ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွါး၍ ရတတ်ခြင်းသို့ ရောက် ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 5
Cross References
Proverbs 1:11သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။
Jeremiah 9:6သင်၏ နေရာသည် မုသာအရပ်၌ရှိ၏။ အရပ် သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။
Hosea 12:8သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍ မတွေ့ရာဟု ဆိုလိမ့်မည်။
Amos 8:4ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်း၊ လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၎င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့၊ ဤစကားကို နားထောင်ကြလော့။
Micah 6:10မတရားသော သူတို့၏အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့်၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော။
Revelation 18:2သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။