ယေရမိအနာဂတ္တိကျမ်း 50:10
ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
And Chaldea shall be a spoil: all that spoil her shall be satisfied, saith the LORD.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 50
Cross References
Isaiah 33:23သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍၊ များစွာသောဥစ္စာကို လုယူဝေငှရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာကို လုယူရ၏။
Jeremiah 25:12ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
Jeremiah 50:37ထားဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
Revelation 17:16ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့် မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။