ယေရမိအနာဂတ္တိကျမ်း 51:33
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ် တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
Isaiah 18:5စပျစ်သီးကို သိမ်းယူရာ ကာလမတိုင်မှီ အငုံ့ စေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊အခက်အလက်များကို သုတ် သင်ပယ်ရှင်းတော်မူမည်။
Isaiah 41:15ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီး တို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။
Joel 3:13ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ် ရည် ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြ လော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ် သည် ကြီးလှ၏။
Micah 4:12သို့ရာတွင်၊ ထာဝရဘုရား၏စိတ်တော်ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ ကို ကောက်နယ်တလင်း၌ စုထားသကဲသို့၊ ထိုသူတို့ကို စုထားတော်မူ၏။
Habakkuk 3:12အမျက်တော်ထွက်လျက် တပြည်လုံး ချီသွား၍၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူ၏။
Matthew 13:39တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။