ယေရမိအနာဂတ္တိကျမ်း 51:35
ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါ စေဟူ၍၎င်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း ဆိုရ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
Judges 9:24အကြောင်းမူကား၊ ယေရုဗ္ဗာလ၏ သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာ ပြု၍ သတ်မိသောအပြစ်သည် သူတို့ကို သတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့၎င်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်း ရောက်ရမည်အကြောင်းတည်း။
Psalms 9:12လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချ လျက်ရှိသော သူတို့၏အော်ဟစ်ခြင်း အသံကိုမေ့လျော့ တော်မမူတတ်ပါ။
Psalms 137:8ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင် သည် ငါတို့၌ ပြုသည်အတိုင်း၊ သင်၌အပြစ်ကိုဆပ်ပေး သောသူသည် မင်္ဂလာရှိ၏။
Jeremiah 50:29လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။
Lamentations 1:22သူတို့၏ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော် မူပါ။ အကျွန်ုပ်ပြစ်မှားမိသမျှသော အပြစ်တို့ကြောင့်၊ အကျွန်ုပ်၌ပြုတော်မူသကဲ့သို့ သူတို့၌ ပြုတော်မူပါ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား၍ စိတ်ပျက် လျက်ရှိပါ၏။
Matthew 7:2သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။