ယေရမိအနာဂတ္တိကျမ်း 51:54
ဗာဗုလုန်မြို့မှ ငိုကြွေးသံကို၎င်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို၎င်း ကြားရ၏။
1835 Judson Burmese Bible
In The King James Version
A sound of a cry cometh from Babylon, and great destruction from the land of the Chaldeans:
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
Isaiah 15:5ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။
Jeremiah 50:22ထိုပြည်၌စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။
Jeremiah 50:43သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
Zephaniah 1:10ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကို၎င်း၊ ဒုတိယမြို့၌ ငိုကြွေး မြည်တမ်းသံကိုင်း၊ တောင်ရိုး၌ ပြင်းစွာချိုးဖျက်သံကို၎င်း ကြားရ၏။