ယေရမိအနာဂတ္တိကျမ်း 51:55
အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန် မြို့ကို ဖျက်ဆီး၍၊ သူပြုတတ်သောအသံကြီးကို ငြိမ်းစေ တော်မူ၏။ သူ၏လှိုင်းတံပိုးတို့သည် အားကြီးသော ရေကဲ့သို့ ဟုန်ဟုန်းမြည်သံဖြင့်၊ ကြီးစွာသောအသံဗလံကို ပြုတတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
54ဗာဗုလုန်မြို့မှ ငိုကြွေးသံကို၎င်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို၎င်း ကြားရ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 51
Cross References
Psalms 18:4သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။
Psalms 93:3အို ထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကို ပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ၏။
Isaiah 17:13အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူ သော ကြောင့်၊ အဝေးသို့ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့၎င်း၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း၊ သူတို့သည် နှင်ခြင်းကို ခံရကြ လိမ့်မည်။
Isaiah 47:5အိုခါလဒဲသတို့သမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ မိုက်ရာသို့ သွားလော့။ သင့်ကို နိုင်ငံတို့၏ အရှင်မ ဟူ၍ နောက်တဖန် မခေါ်ရ။
Jeremiah 50:10ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Jeremiah 51:42ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။