ယေရမိအနာဂတ္တိကျမ်း 6:14
ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့ စွာ ကုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 6
Cross References
Isaiah 30:26ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက် စေတော်မူသော အခါ၊ လ၏အလင်းသည် နေ ၏အ လင်းကဲ့သို့ ဖြစ်၍၊ နေ ၏အလင်းသည်လည်း ပကတိ ထက် ခုနစ်ဆလင်းလိမ့် မည်။
Jeremiah 5:12သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ် မရောက်ရ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ။
Jeremiah 14:13ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ပရောဖက် တို့က၊ သင်တို့သည် ထားဘေးကို မတွေ့ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသော ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့ အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
Jeremiah 23:17ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
Lamentations 2:14သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။
Ezekiel 13:16ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့ အဘို့ ငြိမ်သက်ခြင်း ရူပါရုံကို မြင်၍ ဟောပြောသော ဣသရေလပရောဖက်များမရှိကြဟူ၍၎င်း၊ သူတို့အား ငါပြောမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။