ယေရမိအနာဂတ္တိကျမ်း 7:6
ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏ အသက်ကိုဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင်၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
7သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။
Read all of ယေရမိအနာဂတ္တိကျမ်း 7
Cross References
Exodus 22:21တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။
Deuteronomy 6:14အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌ နေသော လူမျိုးတို့၏ ဘုရားကို မဆည်းမကပ်ရ။
Deuteronomy 11:28သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်း ကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား၏။
Deuteronomy 27:19တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
2 Kings 24:4အသေမခံထိုက်သော သူတို့ကို သတ်၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
Psalms 82:3ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက်၌ တရားစီရင်ကြလော့။