ယေရမိအနာဂတ္တိကျမ်း 8:2
ထိုသူ တို့သည် ကြည်ညို ရာ၊ အမှုဆောင် ရာ၊ လိုက် သွားရာ၊ ရှာဖွေ ရာ၊ ကိုးကွယ် ရာဖြစ်သော နေ ၊ လ ၊ ကောင်းကင် တန်ဆာ ရှေ့ မှာ လှန် ထားကြလိမ့်မည်။ ထို အရိုးတို့ကို မ စု မပုံ၊ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 8
Cross References
Deuteronomy 17:3နေ ၊ လ ၊ မိုဃ်း ကောင်းကင်တန်ဆာ အစရှိသော ငါမြစ်တား သမျှ အခြားတပါး သောဘုရား တို့ကိုသွား ၍ ဝတ်ပြု ကိုးကွယ် သဖြင့်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ပဋိညာဉ် ကိုလွန်ကျူး ၍၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသော ယောက်ျား မိန်းမ ရှိ သည်ဟု၊
2 Kings 9:37သို့ဖြစ်၍ ဤ သင်္ချိုင်းသည် ယေဇဗေလ သင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှမ ပြော နိုင်မည်အကြောင်း ၊ သူ၏ အလောင်း ကောင်သည် ယေဇရေလ မြေကွက် တွင် ၊ လယ်ပြင် ၌ နောက်ချေး ကဲ့သို့ ရှိ ရလိမ့်မည်ဟု ဆို၏
2 Kings 21:3ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဣသရေလ ရှင်ဘုရင် အာဟပ် ပြု သကဲ့သို့ ဗာလ အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏
2 Kings 23:5ယေရုရှလင် မြို့ပတ်လည် အစရှိသော ယုဒ မြို့ရွာ ၌ မြင့် သော အရပ်တို့အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒ ရှင်ဘုရင် ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကို၎င်း၊ ဗာလ ဘုရား၊ နေ လ ရာသီ စောင့် အစ ရှိသော မိုဃ်း ကောင်းကင်တန်ဆာ တို့အား နံ့သာပေါင်းကို မီးရှို့ သောသူတို့ ကို၎င်း ၊ သုတ်သင် ပယ်ရှင်းတော်မူ၏
Psalms 83:10ထိုသူတို့သည် အင်္ဒေါရ အရပ်၌ ဆုံးရှုံး ၍၊ မြေ ပေါ် မှာ နောက်ချေး ကဲ့သို့ဖြစ် ကြပါ၏။
Ecclesiastes 6:3လူ သည် နှစ် ပေါင်းများစွာ အသက် ရှည်၍ ၊ သား တရာ ပင် ရှိငြား သော်လည်း၊ အလို ဆန္ဒမ ပြည့်စုံဘဲ၊ သင်္ဂြိုဟ် ခြင်းကို မ ခံရ ဘဲ သေသွားလျှင်၊ ထိုသူ ထက် ပျက် သောကိုယ်ဝန်သည်သာ၍မြတ် ၏။