The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 8 › ယေရမိအနာဂတ္တိကျမ်း 8:9

ယေရမိအနာဂတ္တိကျမ်း 8:9

ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။

1835 Judson Burmese Bible

In The King James Version

The wise men are ashamed, they are dismayed and taken: lo, they have rejected the word of the LORD; and what wisdom is in them?

In Context

8ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏ တရားသည် ငါတို့၌ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း။ အကယ်စင်စစ် စာရေးတို့၏ မုသာမှင်တံသည် မုသာတရားကို လုပ်လေပြီ။

10ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတပါးတို့၌ ငါအပ်မည်။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။

Read all of ယေရမိအနာဂတ္တိကျမ်း 8

Cross References

Deuteronomy 4:6သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရား ရှိသမျှတို့ကို ကြားရသော လူမျိုးများရှေ့မှာ၊ သင်တို့၏ ဥဏ်ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သော လူမျိုးသည် အကယ်စင်စစ် ဥဏ်ပညာနှင့် ပြည့်စုံသော အမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။

Job 5:13ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။

Psalms 119:98ပညတ်တရားတော်သည် အကျွန်ုပ်၏ ရန်သူတို့ ထက်၊ အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏။ ပညတ်တရား တော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။

Isaiah 19:11အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့ အနွှယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။

Jeremiah 2:8ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့ သည် ငါ့ကိုမသိကြ။ သင်းအုပ်တို့သည် ငါ့ကို ပြစ်မှား ကြ၏။ ပရောဖက်တို့သည် ဗာလကို အမှီပြု၍ ဟောပြော လျက်၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ၏။

Jeremiah 6:19အိုမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမတောင်၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့်၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 8:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 8:8ယေရမိအနာဂတ္တိကျမ်း 8ယေရမိအနာဂတ္တိကျမ်း 8:10 →