The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 9 › ယေရမိအနာဂတ္တိကျမ်း 9:11

ယေရမိအနာဂတ္တိကျမ်း 9:11

ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေး နေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူ ဆိတ်ညံရာအရပ်ဖြစ်စေမည်။

1835 Judson Burmese Bible

In The King James Version

And I will make Jerusalem heaps, and a den of dragons; and I will make the cities of Judah desolate, without an inhabitant.

In Context

10တောင်များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံကို မကြားရ။ မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။

12ဤအမှုကိုနားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏ နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ် သူနည်း။ အဘယ်သူမျှ ရှောက်၍မသွားနိုင်အောင်၊ တပြည်လုံးသည် တောကဲ့သို့ မီးလောင်၍၊ အဘယ် ကြောင့် ပျက်စီးသနည်း။

Read all of ယေရမိအနာဂတ္တိကျမ်း 9

Cross References

Nehemiah 4:2အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။

Psalms 107:43အကြင်သူသည်ပညာရှိ၏၊ ထိုသူသည် ဤအမှု အရာတို့ကို ဆင်ခြင်၍၊ ထာဝရဘုရား၏ ကရုဏာ ကျေးဇူးတော်ကို နားလည်လိမ့်မည်။

Isaiah 25:2မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ် စေတော်မူပြီ။ တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန် သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက် ရမည် အကြောင်းစီရင်တော်မူပြီ။

Isaiah 44:26ငါသည် ငါ့ကျွန်၏ စကားကို တည်စေ၍၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရု ရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက်ရှိကြလိမ့် မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍၎င်း ဆို၏။

Jeremiah 10:22အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။

Jeremiah 25:11ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 9:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 9:10ယေရမိအနာဂတ္တိကျမ်း 9ယေရမိအနာဂတ္တိကျမ်း 9:12 →