Job 1:3
သူ ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင် ၊ ကုလားအုပ် သုံး ထောင် ၊ နွား ယှဉ်ငါး ရာ ၊ မြည်း မငါး ရာ ၊ ငယ်သား အတိုင်း မသိများ သည်ဖြစ်၍ ၊ ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက် သာ၍ကြီး သောသူဖြစ် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ရှိ ၏။
Cross References
Genesis 12:16ဖာရောဘုရင်သည် ထိုမိန်းမ အတွက် အာဗြံ ၌ ကျေးဇူး ပြုသဖြင့် ၊ သူ သည် သိုး ၊ နွား ၊ မြည်းထီး ၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် များနှင့် ကြွယ်ဝ၏။
Genesis 24:35ထာဝရဘုရား သည် ကျွန်ုပ် ၏သခင် ကို အလွန် ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည်ကြီးမြတ် ခြင်းသို့ ရောက်လေပြီ။ သိုးစု ၊ နွားစု ၊ ရွှေ ၊ ငွေ ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် နှင့် မြည်း များတို့ကိုပေး တော်မူပြီ။
Genesis 29:1တဖန် ယာကုပ် သည် ခရီးသွား ၍ ၊ အရှေ့ ပြည်သား တို့နေရာ အရပ်သို့ ရောက်ပြီးလျှင်၊
Genesis 34:23သူ တို့၏သိုး နွားမှစ၍ တိရစ္ဆာန် များ၊ ဥစ္စာ များတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူ တို့သည် ငါ တို့တွင် နေ ကြလိမ့်မည်ဟု၊
Numbers 31:32စစ်သူရဲ တို့သည် လက်ရ သိမ်းယူ ခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား၊ သိုး ခြောက်သိန်း ခုနစ်သောင်း ငါးထောင် ၊
Judges 6:5အဘယ်သို့နည်းဟူမူကား၊ သူ တို့သည် တိရစ္ဆာန် များ၊ တဲ များပါလျက်၊ ကျိုင်းကောင် များပြား သကဲ့သို့ ၊ သူ တို့နှင့် ကုလားအုပ် တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလ ပြည် ကို ဖျက်ဆီး လျက် လာ ကြ၏။