Job 12:23
တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
22မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။
24မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဉာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။
Cross References
Exodus 1:20ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်း များပြား၍ အလွန်အားကြီးကြလေ၏။
Psalms 107:39တဖန်သူတို့သည် လျော့၍ညှဉ်းဆဲခြင်း၊ ငြိုငြင် ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ၏။
Isaiah 26:15အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါး စေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ် စေတော်မူပြီ။
Isaiah 51:2သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကို ဘွား သော သူစာရာတို့ကို ကြည့်ရှုကြလော့။ ငါသည် တယောက်တည်းသောသူ အာဗြဟံကို ခေါ်၍၊ ကောင်း ကြီးပေးသဖြင့် များပြားစေ၏။
Jeremiah 30:19ထိုသူတို့အထဲက ကျေးဇူးကို ချီးမွမ်းခြင်းအသံ၊ ရွှင်မြူးသော သူတို့၏ အသံသည် ထွက်လိမ့်မည်။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည်။ နှိမ့်ချခြင်းသို့ မရောက်၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည်။
Zechariah 10:8သူတို့ကို ငါနှိုးဆော်၍ စုဝေးစေမည်။ သူတို့သည် ငါ၏ရွေးနှုတ်ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြားကြလိမ့်မည်။