Job 12:4
ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။
1835 Judson Burmese Bible
In The King James Version
In Context
5ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။
Cross References
Job 11:3သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။
Job 16:20ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
Job 17:6ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။
Job 30:1ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
Psalms 35:16ပွဲ၌ကစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ၏။
Proverbs 14:2ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။