The Bible Software
bible.software › Job › Job 14 › Job 14:18

Job 14:18

ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။

1835 Judson Burmese Bible

In The King James Version

And surely the mountain falling cometh to nought, and the rock is removed out of his place.

In Context

17အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။

19လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။

Read all of Job 14

Cross References

Job 18:4အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။

Isaiah 40:12ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုဃ်း ကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်၎င်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်၎င်း ချိန် သောသူကား အဘယ်သူနည်း။

Isaiah 54:10တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။

Jeremiah 4:24တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။

Revelation 6:14မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။

Revelation 20:11တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Job 14:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Job 14:17Job 14Job 14:19 →