Job 15:28
သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူ မျှမနေ။ လဲလုသော အိမ်တို့၌ သူသည်နေရ၏။
1835 Judson Burmese Bible
In The King James Version
In Context
27မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
29ငွေမရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ။
Cross References
Job 3:14မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊
Isaiah 5:8မိမိတို့သည် မြေ၏အလယ်၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မရှိစေခြင်းငှါ၊ အိမ်တဆောင်နှင့် တဆောင်ကို၎င်း၊ လယ်တကွက်နှင့်တကွက်ကို၎င်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
Jeremiah 26:18ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။
Micah 3:12ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင် သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။