Job 18:20
သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
They that come after him shall be astonied at his day, as they that went before were affrighted.
In Context
19သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။
Cross References
1 Kings 9:8အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
Job 19:13ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။
Psalms 137:7အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏နေ့ရက် အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသား တို့ကို အောက်မေ့တော်မူပါ။
Jeremiah 50:27သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။
Obadiah 1:11သင်သည် တဘက်၌နေသောနေ့၊ တကျွန်းတ နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသော နေ့၊ တပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။
Luke 19:44သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။