Job 18:7
ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
The steps of his strength shall be straitened, and his own counsel shall cast him down.
In Context
6သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။
8ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။
Cross References
2 Samuel 17:14အဗရှလုံနှင့် ဣသရေလအမျိုးသားအပေါင်းတို့က၊ အာခိလူဟုရှဲပေးသော အကြံထက်သာ၍ကောင်း သည်ဟု ပြောဆိုကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် အဗရှလုံ၌ ဘေးရောက်စေခြင်းငှါ၊ အဟိသော ဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ၏။
Job 5:12ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
Job 20:22ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
Psalms 18:36အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
Proverbs 1:30ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
Proverbs 11:5ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။